ဖားဆောင်း ဇန်နဝါရီ ၂၉
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း ကာ လူမှုရေးပင်စင် ထောက်ပံ့ပေးခြင်းဆိုင်ရာ အသိပညာပေး “Talk Show” ကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသဲနုအောင်က ကိုဗစ်-၁၉ ကာလတွင် မိမိနေအိမ်၌ stay home နေထိုင်ကြသည့် မိဘပြည်သူများအား အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးခြင်း ဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဗိုလ်က သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးခြင်းဆိုင်ရာ သိကောင်းစရာများ၊ သက်ကြီး ဘိုးဘွားများ၏ အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ၊ သက်ကြီးဘိုးဘွား ဂေဟာတွင် သက်ကြီး ဘိုးဘွားများအား ပြုစုစောင့်ရှောက်မှုဆိုင်ရာများ စသည့်လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်ပေးနေမှု များကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)