ဖားဆောင်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

ဖားဆောင်း ဇန်နဝါရီ ၂၈

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်ပြည်သူ့ ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ပထမအကြိမ် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေးနေမှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်စိုးတို့က တက်ရောက်အားပေးကြည့်ရှုခဲ့ရာ မြို့နယ်ကျန်းမာ ရေးဦးစီးဌာနမှူး ဒေါက်တာ အိဖြူသွယ်က “ဖားဆောင်းမြို့နယ်အတွင်းရှိ ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန်အတွက် ကိုဗစ်ကာကွယ်ဆေး(၁၁)လုံး ခွဲဝေ ရရှိခဲ့ကြောင်း၊ ကာကွယ်ဆေးထိုးနှံရာ တွင် လာရောက်သူများ ဖြည့်သွင်းရမည့် အချက်များ၊ ကာကွယ်ဆေးထိုးနှံရမည့် ပြည်သူလူထုသိရှိ ထားရမည့် အချက်များ၊ ကာကွယ် ဆေးထိုးနှံရန်အတွက် ဆောင်ရွက်ထားရှိမှုများ’’ ရှင်းလင်းပြောကြားခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ် ဆေး ထိုးနှံနေမှုများကို ကြည့်ရှုခဲ့ကြသည်။

အဆိုပါ ဖားဆောင်းမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ကာကွယ်ဆေးများ ထိုးနှံရာတွင် ကျန်းမာ ရေးဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများ၊ တိုင်းရင်းဆေး ဝန်ထမ်းများ၊ စုစုပေါင်း(၉၆)ဦးအား ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေး ထိုးရန်အတွက် စုရပ်(၂)ရပ်ခွဲထားကာ စုရပ်(၁)တွင် (၅၁)ဦး၊ စုရပ်(၂)တွင် (၄၅)ဦး စုစုပေါင်း (၉၆)ဦးအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)