ကယားပြည်နယ်

ကယားပြည်နယ်ဝန်ကြီးချုပ် စံပြဝက်မွေးမြူရေးခြံ အသားတိုးနှင့်မျိုးဝက်များ မွေးမြူထားရှိမှုနှင့် ပျားမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ စံပြဝက်မွေးမြူရေးခြံနှင့် ပျားမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် မူလတန်းပြဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း (Main Course) ဖွင့်ပွဲအခမ်းအနား တက်ရောက်ချီးမြှင့်၊ မြို့သန့်ရှင်းသာယာလှပရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်၊ မူလတန်းပြဆရာ၊ ဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်း (Main Course) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ်၊ ကိန္နရာခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် လွိုင်ကော်အကျဉ်းထောင်မှ အကျဥ်းသား/အကျဉ်းသူ(၈)ဦး လွတ်ငြိမ်းခွင့်ပြု

လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်၊ လွိုင်ကော်အကျဥ်းဦးစီးဌာန၊ ဓမ္မာရုံ၌ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အမိန့်အမှတ် (၄၀/၂၀၂၆) မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ် အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံး စိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန်အတွက်လည်းကောင်း နိုင်ငံတော်သမ္မတသည် အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ အကျဉ်းသူ ၄၃၃၅ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ လွှတ်ပေးခဲ့ရာ လွိုင်ကော်အကျဥ်းထောင်မှ အကျဥ်းသား (၇)ဦး၊ အကျဥ်းသူ (၁)ဦး ပေါင်း (၈)ဦးတို့အား လွတ်ငြိမ်းခွင့်ပြုသည့် အခမ်းအနားအား ယမန်နေ့နံနက်(၉)နာရီတွင်ကျင်းပသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် မြန်မာနှစ်ဆန်း (၁) ရက်နေ့ သက်ကြီးပူဇော်ကန်တော့ပွဲ တက်ရောက်

ကယားပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်း (၁) ရက်နေ့ သက်ကြီးပူဇော်ကန်တော့ပွဲကို ယမန်နေ့ နေ့လယ်က လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥကဋ္ဌ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သက်ကြီးဘိုးဘွားများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ကယားပြည်နယ် မဟာသင်္ကြန်ပွဲတော် အတက်နေ့ ယိမ်းအကအဖွဲ့များ ယှဉ်ပြိုင်၊ “မြန်မာ့ရိုးရာသနပ်ခါးလှယဉ်ကျေးမယ်” ဆုချီးမြှင့်

ကယားပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အတက်နေ့တွင် လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံ ကျောက်သားရင်ပြင်ရှိ ဗဟိုမဏ္ဍပ်၌ ယိမ်းအကပြိုင်ပွဲကို ကျင်းပသည်။ ဆက်လက်၍ မြန်မာ့ရိုးရာသနပ်ခါး လှယဉ်ကျေးမယ်” ပြိုင်ပွဲဆုပေးပွဲသို့ တက်ရောက်သည်။ မြန်မာ့ရိုးရာ သနပ်ခါးသင်္ကြန်ဆပ်ကော်မတီဉက္ကဋ္ဌက ဆုချီးမြှင့်ပွဲအခမ်းအနားနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဘောက်နန်က ပထမဆုရရှိသည့် မသန့်ဟေသီစိုးအား လည်းကောင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ဇနီး ဒေါ်ဖိုးမြာက ဒုတိယဆုရရှိသည့် မမေဦးခင်အား လည်းကောင်း၊ ဒေသကွပ်ကဲရေးမှူး၏ဇနီး ဒေါ်လှနုဖြူက တတိယဆုရရှိသည့် မနန်းဆုမွမ်မွမ်ရှန်အား လည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။

ဘော်လခဲမြို့ ၁၃၇၈ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

ကယားပြည်နယ်၊ ဘော်လခဲခရိုင်၊ ဘော်လခဲမြို့၌ ၁၃၇၈ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်က လမ်းလျှောက်သင်္ကြန်မုခ်ဦးရှေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် သင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ တက်ရောက်

၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲအခမ်းအနားကို ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်ခန်းမရှေ့ ကန္ဒရဝတီလမ်းမကြီးပေါ်တွင် ယနေ့နံနက်က ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌ၊ ဒေသကွပ်ကဲရေးမှူး၊ တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် မြို့သန့်ရှင်းသာယာလှပရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မြို့အဝင်ဂိတ်များ လုံခြုံရေးဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ မြို့တော်လွိုင်ကော်အား မြို့အင်္ဂါရပ် နှင့်အညီ စိမ်းလန်းသောမြို့၊ သန့်ရှင်းသောမြို့ဖြစ်စေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် တာဝန်ရှိသူများနှင့်အတူ မြို့သန့်ရှင်းသာယာ လှပရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့တွင် သင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး မဏ္ဍပ်များ တည်ဆောက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၆ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကို စည်ကား သိုက်မြိုက်စွာကျင်းပနိုင်ရန်အတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအံ့မော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်က ကန္ဒာဟေဝန်ပန်းခြံ၊ ကျောက်သားရင်ပြင်အတွင်း ဗဟိုမဏ္ဍပ်ဆောက်လုပ်ပြီးစီးမှုနှင့် လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ လက်ဖက်သင်္ကြန်နှင့် ထမနဲသင်္ကြန်ကျင်းပရန် ပြင်ဆင်ထားရှိမှုတို့ကို  ကြည့်ရှုစစ်ဆေးသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းနှင့် ဥတ္တရာရုံဘုန်းကြီးကျောင်း ဆရာတော်များထံ သွားရောက်ဖူးမြော်ကြည်ညို

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်က လွိုင်ကော်မြို့၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းထိုင် ဆရာတော် ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တပညာစက္ကအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်ထံမှ ဩဝါဒခံယူခဲ့သည်။
Subscribe to ကယားပြည်နယ်