ဘောလခဲ ဇွန် ၂၀
ကယားပြည်နယ်၊ ဘောလခဲခရိုင် ၊ ဘောလခဲမြို့ အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်မိုးလုံလေလုံ အားကစားခန်းမတွင် ယမန်နေ့နံနက်ပိုင်းက အားကစားအခြေခံသင်တန်းကို ဖွင့်လှစ်ခဲ့သည်။
အဆိုပါ အားကစားအခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို သင်တန်းသား/သူများက အေရိုးဗစ် အကဖြင့် ဖွင့်လှစ်ခဲ့ပြီး၊ ဘောလခဲခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်က သင်တန်းသား/သူများအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ဒုတိယရဲမှူးကြီးထက်စံနှင့် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်မောင်မောင်ဦးက ဝတ်စုံများပေးအပ်ခဲ့သည်။ အဆိုပါ အားကစားအခြေခံသင်တန်းသည် ရက်(၁၀၀)စီမံချက် လုပ်ငန်းအနေဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇင်မာထွန်း(ခရိုင်ပြန်/ဆက်)