လွိုင်ကော် ဇွန် ၁၄
ကယားပြည်နယ် ဥပဒေချုပ်ရုံး၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ပြည်နယ်ဥပဒေချုပ်ရုံး၊ ခရိုင်နှင့် မြို့နယ်ဥပဒေအရာရုံးများရှိ အရာထမ်း၊ အမှုထမ်းများ၏ သားသမီးများအား ပညာသင်စရိတ် ချီးမြှင့်ငွေပေးအပ်ခြင်း အခမ်းအနားကို ကယားပြည်နယ် ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဥပဒေချုပ် ဦးဝင်းနိုင်၊ ပြည်နယ်ဥပဒေအရာရှိ၊ ပြည်နယ်ခရိုင်နှင့် မြို့နယ်ဥပဒေရုံးများမှ အရာထမ်းအမှုထမ်းများ တက်ရောက်ခဲ့သည်။ အဆိုပါအခမ်းအနားတွင် အရာထမ်းအမှုထမ်း (၁၈) ဦး၏ သားသမီး (၂၃) ဦးအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပညာသင်စရိတ်ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)