ကချင်ပြည်နယ်

မိုးကောင်းမြို့ အ.မ.က(အလယ်ရပ်)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အ.မ.က(အလယ်ရပ်)၏ ၂၀၂၄- ၂ဝ၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၁၀)နာရီတွင် အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ နုကျန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရတို့အကြား နားလည်မှုစာချွန်လွှာ စိစစ်ရေးကော်မတီအစည်းအဝေး တက်ရောက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ နုကျန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရတို့အကြား စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး နားလည်မှုစာချွန်လွှာမူကြမ်းပါ အချက်အလက်များနှင့်စပ်လျဉ်း၍ စိစစ်ရေးကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြစ်ကြီးနားမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ‌ပေးဟောပြောပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ် လူငယ်ရေးရာအဖွဲ့တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ‌ပေးဟောပြောပွဲနှင့်ပြပွဲများ၊ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို မြစ်ကြီးနားမြို့၊ ပလနကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ပလန)၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု(Clean and Green School Award) ချီးမြှင့်နိုင်ရေး အခြေခံစံနှုန်း၊ အညွှန်းကိန်းများနှင့်ကိုက်ညီသော ကျောင်းများအား စိစစ်ရွေးချယ်

ကချင်ပြည်နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု(Clean and Green School Award) ချီးမြှင့်နိုင်ရေး အခြေခံစံနှုန်း၊ အညွှန်းကိန်းများနှင့်ကိုက်ညီသော ကျောင်းများအား စိစစ်ရွေးချယ်နိုင်ရေးအတွက် ဆု‌ရွေးချယ်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ စိစစ်ရွေးချယ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မိုးညှင်းတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ညနေ(၃)နာရီက တက္ကသိုလ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့ အ.လ.က (မြို့မ) ကျောင်း၌ ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိပြီး စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် အခြေခံပညာကျောင်းများသို့ အသိပညာပေးဟောပြောခြင်းနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းကို လစဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ (၂၄) ရက် နံနက် (၁၀) နာရီက ပူတာအိုမြို့ မြို့မရပ်ကွက်အခြေခံပညာအလယ်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်ဆွေးနွေးပွဲတက်ရောက်

ကချင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် အခြေခံအထက်တန်းအဆင့် သင်ကြားသင်ယူမှု ပိုမိုထိရောက်စေရေး ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်(၉:၃၀)က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပူတာအိုခရိုင်၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြာပွဲ၊ကဗျာ ရွတ်နှင့်ပုံပြင်ပြောပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းမှုဖြင့် ကျောင်းသားလူငယ်များအနေဖြင့် မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များကို အလေးထားတန်ဖိုး ထားတတ်စေရန်၊အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်နှင့်နူတ်မှုစွမ်းရည်များ တိုးတက်လာစေရန်ရည်ရွယ်၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ကဗျာရွတ်နှင့်ပုံပြင်ပြောပြိုင်ပွဲကို ဇန်နဝါရီ (၂၃) ရက် နံနက် (၁၀) နာရီက ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပပြုလုပ်သည်။

မိုးညှင်းမြို့ အ.ထ.က (၁) ၌ ရွှေတံဆိပ်များ ဆုရှင်တို့မှ မြန်မာ့ရိုးရာဝိုင်းခြင်းနှင့် တပင်တိုင်ခြင်းလုံးဖြင့် သရုပ်ပြသ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မန္တလေးတိုင်း လက်ရွေးစင် ရွှေတံဆိပ်များ ဆုရှင်တို့မှ မြန်မာ့ရိုးရာဝိုင်းခြင်းအလှခတ်ကစားခြင်းနှင့် တပင်တိုင်ခြင်းလုံး အလှခတ်ကစားကြခြင်းကို ယမန်နေ့မွန်းလွဲ (၂) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြက်ခင်းကွင်းပြင်၌ သရုပ်ပြသခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်