၂၀၂၅ ခုနှစ် ပူတာအိုခရိုင် တိုင်းခမ်းတီစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌဖလား လူငယ်အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲကျင်းပ

ပူတာအို ဇူလိုင် ၂၂

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် လူငယ်များ ကိုယ်ကာယကျန်းမာကြံ့ခိုင်လာပြီး မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်လာစေရန်နှင့်ဒေသအတွက် အကျိုးပြုသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၅-ခုနှစ် ပူတာအိုခရိုင် တိုင်းခမ်းတီစာပေနှင့်ယဉ်ကျေးမှုကော်မတီဉက္ကဋ္ဌဖလား လူငယ်အမျိုးသား (အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင်(၂၀)ရက် မွန်းလွှဲ()နာရီက ပူတာအိုခရိုင်ပြည် သူ့အားကစားကွင်း၌ ကျင်းပသည်။

အခမ်းအနားတွင် ပူတာအိုတပ်နယ်မှူး စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးရဲဟိန်းက အဖွင့်အမှာစကားပြော ကြားပြီး ပူတာအိုခရိုင် တိုင်းခမ်းတီစာပေနှင့်ယဉ်ကျေးမှုကော်မတီဉက္ကဋ္ဌ ဦးစောနွဲ့တင်လှက ဘောလုံးပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ပူတာအိုတပ်နယ်မှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းဉက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဘောလုံးဝါသနာရှင်မိဘပြည်သူများက နိုင်ငံတော်အလံအားအလေးပြုကြပြီး ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြကာ ခရိုင်တိုင်းခမ်းတီစာပေနှင့်ယဉ်ကျေးမှုကော်မတီ နာယကများဖြစ်ကြသည့် ဦးစောနွဲ့တန်ဆိုင်နှင့်ဦးစောနွဲ့ ညွန့်ဉီးတို့က ပြိုင်ပွဲတွင် အသုံးပြုရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ ခရိုင်တိုင်းခမ်းတီစာပေနှင့်ယဉ် ကျေးမှုကော်မတီဉက္ကဋ္ဌ ဦးစောနွဲ့တင်လှက လက်ခံရယူသည်။

အဆိုပါပြိုင်ပွဲတွင် ပူတာအိုခရိုင်အတွင်းရှိ ပူတာအို/မချမ်းဘောမြို့နယ်ရှိ ကျေးရွာများမှ ပြိုင်ပွဲဝင် အသင်းပေါင်း(၁၂)သင်းတို့က ဇူလိုင်(၂၀)ရက်မှ ဩဂုတ်(၂၀)ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ခရိုင်တိုင်းခမ်းတီစာပေနှင့်ယဉ်ကျေးမှုကော်မတီအနေဖြင့် ယခုအကြိမ်ဘောလုံးပြိုင်ပွဲကို စတုတ္ထအကြိမ် မြောက်ကျင်းပပေးရခြင်းဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)