၂၀၂၅ ခုနှစ် ပူတာအိုခရိုင် တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌဖလား လူငယ်အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲကျင်းပ

ပူတာအို ဇူလိုင် ၂၂

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် လူငယ်များ ကိုယ်ကာယကျန်းမာကြံ့ခိုင်လာပြီး မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်လာစေရန်နှင့် ဒေသအတွက် အကျိုးပြုသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ် ပူတာအိုခရိုင် တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌဖလား လူငယ်အမျိုးသား(အလွတ်တန်းဘောလုံးပြိုင်ပွဲကွင်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်(၂၀)ရက် မွန်းလွှဲ()နာရီက ပူတာအိုခရိုင် ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပူတာအိုတပ်နယ်မှူး စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ရဲဟိန်းက အဖွင့်အမှာစကားပြောကြားပြီး ပူတာအိုခရိုင် တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးစောနွဲ့တင်လှက ဘောလုံးပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ပူတာအိုတပ်နယ်မှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဘောလုံးဝါသနာရှင် မိဘပြည်သူများက နိုင်ငံတော်အလံအား အလေးပြုကြပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြကာ ခရိုင်တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုကော်မတီ နာယကများဖြစ်ကြသည့် ဦးစောနွဲ့တန်ဆိုင်နှင့် ဦးစောနွဲ့ ညွန့်ဉီးတို့က ပြိုင်ပွဲတွင်အသုံးပြုရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ ခရိုင်တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုကော်မတီက္ကဋ္ဌ ဦးစောနွဲ့တင်လှကလက်ခံရယူသည်။

အဆိုပါပြိုင်ပွဲတွင် ပူတာအိုခရိုင်အတွင်းရှိ ပူတာအို/မချမ်းဘောမြို့နယ်ရှိ ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်းပေါင်း(၁၂)သင်းတို့က ဇူလိုင်(၂၀)ရက်မှ ဩဂုတ်(၂၀)ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ခရိုင်တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုကော်မတီအနေဖြင့် ယခုအကြိမ်ဘောလုံးပြိုင်ပွဲကို စတုတ္ထအကြိမ်မြောက် ကျင်းပပေးရခြင်းဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)