မိုးကောင်းမြို့တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် ဥဩစွဲအလေးပြုခြင်း ပြုလုပ်

မိုးကောင်း ဇူလိုင် ၁၉

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၉ ရက်တွင် ကျရောက်သည့် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ရှိ မီးသတ်တပ်ဖွဲ့မှ နံနက် ၁၀ နာရီ ၃၇ မိနစ် အချိန်တွင် ဥဩဆွဲခြင်းနှင့်အလေးပြုခြင်းများ တစ်ပြိုင်တည်းပြုလုပ်ဆောင်ရွက်ခဲ့သည်။ 

အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ကြီးကြပ်မှုဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီသောအာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုတစ်မိနစ်ငြိမ်သက်ခြင်းနှင့် မီးသတ်ကားဥဩဆွဲခြင်းများ ဆောင်ရွက်ခဲ့ကြပြီး လမ်းသွားလမ်းလာ ပြည်သူများကလည်း ရောက်ရှိသည့်နေရာ၌ ရပ်တန့်အလေးပြုခဲ့ကြသည်။

ထိုအပြင် မြို့နယ်အတွင်းရှိအစိုးရဌာနဆိုင်ရာရုံးဌာနများတွင်လည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို တိုင်တစ်ဝက်လွှင့်ထူခြင်းတို့ကိုလည်း ပြုလုပ်ဆောင်ရွက်ထားကြကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)