မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာနတွင်  (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

မြစ်ကြီးနား ဇူလိုင် ၁၉

(၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်  ကဗျာရွတ်ဆို၊ ပုံပြင်ပြော၊ (ထက်၊လယ်) ပန်းချီပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြိုင်ပွဲများကျင်းပရာ မူလတန်းအဆင့် ကဗျာရွတ်ဆို ပြိုင်ပွဲတွင် ကျောင်းသား/ ကျောင်းသူ (၁၅) ဦး၊ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် ကျောင်းသား/ ကျောင်းသူ (၆၅) ဦး၊ အလယ်တန်းအဆင့်ပန်းချီ ပြိုင်ပွဲတွင် ကျောင်းသား/ ကျောင်းသူ (၄၅) ဦးနှင့် အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား/ ကျောင်းသူ (၂၅) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မာလာဝင်းက ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲ အခမ်း အနားကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ရာပြည့်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသူ မနှင်းရတီထွဋ်က ဗိုလ်ချုပ်မိန့်ခွန်းအား သရုပ်ပြပြောကြားကာ အဆိုပါ ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းနှင့် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများအား အလှူရှင်များက အာဟာဖြည့် အချိုရည်များ ဝေငှပေးခဲ့‌ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)