ကချင်ပြည်နယ်

ချီဖွေမြို့နယ်၌ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး သင်တန်းဖွင့်

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်တွင် မြို့နယ်(Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း စာရင်း ကောက်ယူရေးသင်တန်းကို ယနေ့နံနက် (၉) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကချင်ပြည်နယ်အဆင့် အခြေခံပညာကျောင်းသားအားကစားပွဲတော်အား တက်ရောက်ဖွင့်လှစ်ပေး

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကချင်ပြည်နယ်အဆင့် အခြေခံပညာကျောင်းသားအားကစားပွဲတော်ကို ဒီဇင်ဘာ ၂၇ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့၊ ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် တက်ရောက်ဖွင့်လှစ်ပေးသည်။

ပူတာအိုခရိုင်၌ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်သင်တန်းမြို့နယ် ငါးမြို့နယ်တွင် ဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် မြို့နယ်(Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီများက ကြီးမှူး၍ ပြည့်စုံမှန်ကန်သည့် လူဦးရေစာရင်းများ ရရှိရေးအတွက် မြို့နယ်အဆင့်မြေပြင်ကွင်း ဆင်းစာရင်းကောက်သင်တန်းကို ယမန်နေ့ နံနက်(၁၀)နာရီက မချမ်းဘော့မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး မလိခခန်းမ၌ ဖွင့်လှစ်သည်။

မြစ်ကြီးနားတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ

မြစ်ကြီးနားတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဘာသာရပ်ပေါင်းစုံ မောင်မယ် သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပရာ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ စီမံဘဏ္ဍာဌာနမှူး၊ သင်တန်းရေးရာဌာနမှူး၊ ဘာသာရပ်ဆိုင်ရာဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)များနှင့် မြစ်ကြီးနား တက္ကသိုလ်ဘာသာရပ်ပေါင်းစုံမှ (ပထမနှစ်ကျောင်းသားကျောင်းသူ) မောင်မယ်သစ်လွင် (၆၉၈)ဦး တက်ရောက်ခဲ့ကြသည်။

နောင်မွန်း၌ လူဦးရေစာရင်းမှန်ကန်စေရေးမြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်၌  လူဦးရေစာရင်းတိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီက ကြီးမှူးကျင်းပသော မြို့နယ်အဆင့်မြေပြင်ကွင်းဆင်း စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၇ ရက်နံနက် ၉ နာရီမိနစ် ၃၀ တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပသည်။

ဝိုင်းမော်မြို့နယ်၌ စက်မှု၊ စိုက်ပျိုးနှင့်မွေးမြူရေးအထက်တန်းကျောင်း ဆောက်လုပ်ရန် ပန္နက်တင် အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ စက်မှု၊ စိုက်ပျိုးနှင့်မွေးမြူရေးအထက်တန်းကျောင်းဆောက်လုပ်ရန် ပန္နက်တင်အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကြည်ထွန်း၊ မြို့နယ်ပညာရေးမှူးဦးသန်းအောင်နှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးတို့က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ ဆောင်ရွက်ခဲ့သည်။

ဝိုင်းမော်မြို့နယ်၌ လူဦးရေစာရင်းမြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် လူဦးရေစာရင်းမြေပြင်ကွင်းဆင်းကောက်ယူရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ တေဇခန်းမ၌ ကျင်းပသည်။

ချီဖွေမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌  (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့နယ်တွင် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီမြို့နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ မြညီလာခန်းမ၌ ဗန်းမော်မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက် ယူရေးကြီးကြပ်မှု ကော်မတီမြို့နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၉နာရီခန့်က ကျင်းပခဲ့ကြောင်းသိရသည်။

ခရစ္စမတ်ရုံးပိတ်ရက်တွင် နောင်တာလောရေလယ်ကျွန်း အပန်းဖြေကမ်းခြေငယ်စခန်းသို့ အပန်းဖြေ လာရောက်လည်ပတ်သူများဖြင့် စည်ကား

ခရစ္စမတ်ပွဲတော် ရုံးပိတ်ရက်၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကျွန်းပင်သာစက်လှေဆိပ်နှင့် ကချင်စုစက်လှေဆိပ်တို့မှ တစ်ဆင့် နောင်တာလောရေလယ်ကျွန်း အပန်းဖြေကမ်းခြေငယ်စခန်းသို့ ယမန်နေ့က လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည်။
Subscribe to ကချင်ပြည်နယ်