နောင်မွန်း ဒီဇင်ဘာ ၂၈
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်၌ လူဦးရေစာရင်းတိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီက ကြီးမှူးကျင်းပသော မြို့နယ်အဆင့်မြေပြင်ကွင်းဆင်း စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၇ ရက်နံနက် ၉ နာရီမိနစ် ၃၀ တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးနမ်ရဲမင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးဦးကျော်ဇေယျာထွန်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးသည်။
အဆိုပါသင်တန်းတွင် မြို့နယ်(Working Group)မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီအောက်ရှိ အဖွဲ့ဝင်သင်တန်းသား(၅၉)ဦးတို့ကို ပူတာအိုခရိုင်၌ဖွင့်လှစ်ခဲ့သည့် နည်းပြဖြစ်သင်တန်းတက်ရောက်ပြီးခဲ့သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများက ဆင့်ပွားပို့ချပေးခဲ့ပြီး လူဦးရေစာရင်းမှန်ကန်းစွာရရှိရေးအတွက် နောင်မွန်းမြို့နယ်အတွင်း တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်း၍ လူဦးရေစာရင်းကောက်ယူခြင်းကို ဇန်နဝါရီလ ၉ ရက်နေ့မှ ဇန်နဝါရီလ ၃၀ ရက်အထိ(၂၀)ရက်ကြာ ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)