ချီဖွေ ဒီဇင်ဘာ ၂၈
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဂွါဇာလေးက မြန်မာ့လွတ်လပ်ရေးရရှိလာအောင် တိုင်းရင်းအားလုံး စည်းစည်းလုံးလုံးဖြစ် နယ်ချဲ့ အင်္ဂလိပ်များကို ရရာလက်နက်များ စွဲကိုင်ပြီး တော်လှန်ခဲ့မှု၊ မြန်မာ့လွတ်လပ်ရေး ဗိသုကာဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းမှု သမိုင်းကြောင်း၊ လွတ်လပ်ရေး၏အရသာ၊ လွတ်လပ်ရေးကို အဓွန့်ရှည် တည်တံ့အောင်ထိန်းသိမ်း စောင့်ရှောက် ကာကွယ်ကြရန်လိုအပ်ကြောင်း ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျောင်းသား၊ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပ ဗဟုသုတများ၊ စာပေမှရရှိသည့် အတွေးအခေါ်များ ရင့်သန်လာစေရန်အတွက် စာအုပ်၊စာစောင်များ ပြသရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မေခမွန် (ပြန်/ဆက်)