ချီဖွေမြို့နယ်၌ မြို့နယ်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး သင်တန်းဖွင့်

ချီဖွေ  ဒီဇင်ဘာ  ၂၈

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်တွင် မြို့နယ်(Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း စာရင်း ကောက်ယူရေးသင်တန်းကို ယနေ့နံနက် (၉) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ သင်တန်းတွင် ခရိုင်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်က မြေပြင်စာရင်းကောက်ယူရေး သင်တန်းကို တက်ရောက်လာကြသည့် တာဝန် ရှိသူများအနေဖြင့် အဆင့်(၃)ဖြစ်သည့် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းစဉ်တွင် မြေပြင်ရှိ စာရင်းများကို မှန်မှန်ကန်ကန် စနစ်တကျ ကောက်ယူနိုင်ရေးနှင့် မသန်စွမ်း (၅) မျိုးစာရင်း ကောက်ယူခြင်းများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့မှ (၃၁) ရက်နေ့အထိ (၂၃) ရက်အတွင် ရပ်ကွက်၊ ကျေးရွာ၊ကျေးရွာအုပ်စုများတွင် မြေပြင်ရှိ လူဦးရေစာရင်းများကို တစ်ချိန်တည်း ပြီးစီးအောင် ကောက်ယူရမှာဖြစ်ပါကြောင်း၊ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူကြမည့် (Working Group) များကို မြေပြင်တွင် လုပ်ငန်းများ လက်တွေ့ဆောင်ရွက်နိုင်ရန်အတွက် ယခုလိုအဆင့်ဆင့် သင်တန်းပို့ချရခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် သင်ကြားပို့ချသည့် သင်ခန်းစားများကို စိတ်ပါဝင်စားစွာဖြင့် သင်ယူမှတ်သားပြီး နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းစဉ်များ ပြီးမြောက် အောင်မြင်သွားစေရန် ဝိုင်းဝန်းပံ့ပိုးကူညီ ဆောင်ရွက်စေလိုကြောင်းဖြင့် ပြောကြားခဲ့သည်။

ယင်းနောက် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းကောက်သင်တန်းကို ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဦးတင်ထွန်းနှင့် တာဝန်ရှိသူများက သင်တန်းကို ဆက်လက်သင်ကြားပို့ချပေးခဲ့ရာ မြေပြင်တစ်အိမ်တက် ဆင်း ကွင်းဆင်ကောက်ယူရေးအဖွဲ့ (Working Group)မှ သင်တန်းသား သင်တန်းသူ စုစုပေါင်း (၅၆) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မေခမွန် (ပြန်/ဆက်)