ခရစ္စမတ်ရုံးပိတ်ရက်တွင် နောင်တာလောရေလယ်ကျွန်း အပန်းဖြေကမ်းခြေငယ်စခန်းသို့ အပန်းဖြေ လာရောက်လည်ပတ်သူများဖြင့် စည်ကား

မြစ်ကြီးနား ဒီဇင်ဘာ ၂၇

ခရစ္စမတ်ပွဲတော် ရုံးပိတ်ရက်၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကျွန်းပင်သာစက်လှေဆိပ်နှင့် ကချင်စုစက်လှေဆိပ်တို့မှ တစ်ဆင့် နောင်တာလောရေလယ်ကျွန်း အပန်းဖြေကမ်းခြေငယ်စခန်းသို့ ယမန်နေ့က လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိသည်။

အဆိုပါ စက်လှေဆိပ်များမှတစ်ဆင့် နောင်တာလောရေလယ်ကျွန်း ကမ်းခြေငယ် အပန်းဖြေစခန်းသို့ မိသားစုလိုက်၊ သူငယ်ချင်းအုပ်စုများဖြင့် အပန်းဖြေစခန်းရှိ အလှဓာတ်ပုံရိုက်ရန်နေရာများ တွင် ဓာတ်ပုံရိုက်ခြင်း၊ အပျော်စီး (၄) ဘီး ဆိုင်ကယ်စီးနှင်းသူများ၊ သဲသောင်ပြင်ဘောလီဘောနှင့် ဘောလုံးကန်သူများ၊ ဧရာဝတီမြစ်အတွင်း အမြန်စီးရေယာဉ်စီးနှင်းသူများ၊ ကမ်းခြေအပန်းဖြေ တဲများနှင့် ရိုးရာစားသောက်ဆိုင်များတွင် လူအများဖြင့် စည်ကားလျက်ရှိသည်။

နောင်တာလော ကမ်းခြေငယ်အပန်းဖြေစခန်း စီမံအုပ်ချုပ်ရေးဆပ်ကော်မတီ တာဝန်ရှိသူတစ်ဦးက ယနေ့သည် ခရစ္စမတ်နေ့ဖြစ်သကဲ့ ရုံးပိတ်ဖြစ်လည်းသည့်အတွက် လာရောက်အပန်းဖြေ သူများမှာ ယခင်ရုံး ပိတ်ရက်ထက် ပိုမိုများပြားကြောင်း ရှင်းလင်းပြောပြခဲ့သည်။

ယိမ်းနူး(ပြန်/ဆက်)