ဗန်းမော်မြို့နယ်တွင် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီမြို့နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ဗန်းမော်       ဒီဇင်ဘာ       ၂၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ မြညီလာခန်းမ၌ ဗန်းမော်မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက် ယူရေးကြီးကြပ်မှု ကော်မတီမြို့နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၉နာရီခန့်က ကျင်းပခဲ့ကြောင်းသိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဗန်းမော် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအောင်ထွန်းတိုးက မြေပြင်ကွင်ဆင်းကောက်ယူရေးသင်တန်းကို တက်ရောက်လာသူများဟာ မြေပြင်မှာလုပ်ငန်းများ လက်တွေ့ဆောင်ရွက်ကြမည့်သူများဖြစ်သည့်အတွက် သင်တန်းက ပို့ချပေးတဲ့ သင်ခန်းစာများ ကိုစိတ်ပါဝင်စားစွာလေ့လာသင်ယူကြရန်၊ သင်တန်းသူ၊ သင်တန်းသားများအနေဖြင့် မြေပြင်ကွင်း ဆင်းကောက်ယူရေးလုပ်ငန်းစဉ် အောင်မြင်စွာပြီးမြောက်အောင် ပံ့ပိုးကူညီပေးကြရန် အဖွင့် အမှာစကားပြောကြားခဲ့သည်။

အဆိုပါ (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက် ယူရေးကြီးကြပ်မှု ကော်မတီမြို့နယ် အဆင့်နည်းပြသင်တန်းသို့ ရပ်ကွက်၊ကျေးရွာအုပ်စု (၃၈) အုပ်စုမှ ရပ်ကွက်/ ကျေးရွာအုပ်စု (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဝင်များ၊ (Working Group)  တစ်အိမ်တက်တစ်အိမ်ဆင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့ဝင်များ တက်ရောက်ကြပြီး သင်တန်းတွင် မြို့နယ်(Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီအတွင်းရေးမှူး မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဘောက်နော်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုလင်း၊ ဗန်းမော်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဥမ္မာဦးတို့က သင်တန်း နည်းပြများအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်