ဗန်းမော်မြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ သတင်းတု သတင်းမှားများ ခွဲခြားသိမြင်နိုင်ရေး အသိပညာပေး ဟောပြော 

ဗန်းမော် မတ် ၁

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (ဗန်းမော်)တွင် ပညာသင်ကြားနေသည့် သင်တန်းသူများ အား သတင်းတု သတင်းမှားများ ခွဲခြားသိမြင်နိုင်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကချင်ပြည်နယ်၊ ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောပွဲတွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ထွန်းက သတင်းတု သတင်းမှားများ ခွဲခြားသိမြင်နိုင်စေရန် သတင်းနှင့် သတင်းအချက်အလက်၊ ယနေ့ခေတ်တွင် အရေးပါလာသော သတင်းအချက်အလက်၊ သတင်း တစ်ပုဒ်ကို ခွဲခြမ်းစိတ်ဖြာခြင်းအချက်များ၊ သတင်းမှား သတင်းမှန် ဘယ်လိုခွဲခြားမလဲ စသည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ကာ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်း(ဗန်းမော်)မှ  နည်းပြဆရာ ဆရာမများ၊ သင်တန်းသူများ စုစုပေါင်း (၄၅)ဦးတို့က တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)