ကချင်ပြည်နယ်

ဗန်းမော်မြို့တွင် တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး MYANCOPHARM ထိုးနှံပေးခြင်း ဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမ၌ ဗန်းမော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် (၅) နှစ်မှ အသက် (၁၂)နှစ်အတွင်း ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီး၍ (၅)လပြည့်သည့် ကျောင်းသား၊ ကျောင်းသူများအား တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး MYANCOPHARM ကို ယနေ့နံနက် ၉ နာရီခန့်က စတင်၍ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ရုပ်ပုံဆက်ပြိုင်ပွဲများကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို တန်းဖိုးထားမြတ်နိုး တတ်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲခန့်က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ရုပ်ပုံဆက်ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၏အားကစားအဆင့် အတန်းတိုးတက်မြင့်မားရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ဆပ်ကော်မတီ အသီးသီးတို့အား ဂုဏ်ပြုချီးမြှင့်

ကချင်ပြည်နယ်၏ အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် ဘက်စုံ၊ ထောင့်စုံ မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် အားကစားဆပ် ကော်မတီအသီးသီးတို့အား ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီမှ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်း အနားကို ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀ နာရီက ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်အပ်နှင်းသည့် ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်အား မြစ်ကြီးနားမြို့ရှိ ဘွဲ့ခံပုဂ္ဂိုလ်၏ နေအိမ်သို့ သွားရောက်၍ လက်ဝယ်အရောက် ချီးမြှင့်အပ်နှင်း

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ဘွဲ့ခံပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ခဲ့ရာ အကြောင်းအမျိုးမျိုး ကြောင့် လူကိုယ်တိုင်တက်ရောက်ယူနိုင်ခြင်း မရှိခဲ့သည့် ကချင်ပြည်နယ်မှ ဘွဲ့ခံပုဂ္ဂိုလ်အား ကချင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့မွန်းလွှဲ ၁ နာရီက ဂုဏ်ထူး ဆောင်ဘွဲ့တံဆိပ်နှင့် ဘွဲ့လက်မှတ်ကို နေအိမ်အရောက် ချီးမြှင့်အပ်နှင်းခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း နွေ၊ မိုး၊ ဆောင်း သီး (၃) သီးစနစ်ဖြင့် ပညာပေးစိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်နေမှု၊ နေကြာသီးနှံ စိုက်ပျိုးထားရှိမှုနှင့် အင်ဂျန်ခချောင်း ပြန်လည်တူးဖော်ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူ အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း ပြည်နယ်အတွင်း စိုက်ပျိုးရေး အသိပညာပေး စံပြစိုက်ကွင်းတစ်ခု တစ်နှစ်ပတ်လုံး သီး(၃)သီးစိုက်ပျိုးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၇ ရက် ညနေ ၃ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ဗန်းမော်ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲဆောင်ရွက်

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား ကျောင်းသူများအား အသိပညာ ဗဟုသုတတိုးပွားလာစေရန်နှင့် မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များကို သိရှိတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့်ဓာတ်ပုံပြပွဲကို  ဇန်နဝါရီ ၁၈ ရက် နံနက် ၉ နာရီခွဲခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မချမ်းဘော့မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ကျောင်းသူကျောင်းသားများ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးလာစေရန်နှင့် စိတ်ကူးဉာဏ်ရင့်သန်လာစေရန်၊ စာဖတ်စွမ်းရည် ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲကိုဇန်နဝါရီ ၁၇ရက်နေ့ ညနေ၃နာရီခွဲက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ဆဒုံးမြို့နယ်တွင် အသက်(၅) နှစ်မှ (၁၂)နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် ဆက်လက်ထိုးနှံပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်၊ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးမှု ကာလ (၅) လပြည့်ပြီးသော အသက် (၅) နှစ်မှ (၁၂) နှစ်ကြား ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၁ နာရီက ဆဒုံးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မံစီမြို့နယ်   အခြေခံပညာအထက်တန်းကျောင်း (မံစီ)၏ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မံစီ) ဖုန်ကန်ဒူဝါခန်းမ၌ အခြေခံပညာအထက်တန်းကျောင်း(မံစီ)၏ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာရေးစုံညီ ပွဲတော်ကို ဇန်နဝါရီ ၁၇ ရက် နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့နယ်အတွင်းရှိ ဝေးလံခက်ခဲသော ကျေးရွာများမှ လူငယ်များအတွက် တန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို မြစ်ကြီးနားမြို့တွင် ဖွင့်လှစ်ပေး

ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ပူတာအိုမြို့နယ်အတွင်းရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဝေးလံခက်ခဲသည့် ကျေးရွာများမှ ဒေသခံလူငယ်များအတွက် တန်ဖိုးမြင့် စားသောက်ကုန်ထုတ် လုပ်မှုနည်းပညာသင်တန်းကို မြစ်ကြီးနားမြို့ ပြည်နယ်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံး သင်တန်းခန်းမ၌ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်