မံစီမြို့နယ်   အခြေခံပညာအထက်တန်းကျောင်း (မံစီ)၏ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

မံစီ          ဇန်နဝါရီ   ၁၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မံစီ) ဖုန်ကန်ဒူဝါခန်းမ၌ အခြေခံပညာအထက်တန်းကျောင်း(မံစီ)၏ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာရေးစုံညီ ပွဲတော်ကို ဇန်နဝါရီ ၁၇ ရက် နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက “ ကြိုဆိုပါသည် စုံညီပွဲတော် ’’ တေးသီချင်းကို တည်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမောင်မောင်က အဖွင့် အမှာစကား ပြောကြားပြီးနောက် မြို့နယ်ပညာရေးမှူး ဒေါ်တင်မာဆွေက ပညာရေးစုံညီပွဲတော်နှင့် ပတ်သက်သည့် အကြောင်းအရာများနှင့် ပညာရေးကဏ္ဍ၏ ဆရာဆရာမခေါ်ယူခန့်ထားခြင်း အချက်များကိုလည်းကောင်း၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်နှင်းနှင့် ကျောင်းအကျိုတော်ဆောင် ဥက္ကဋ္ဌကြီးဦးမိုးဟိန်းတို့က ကျောင်းဖွံ့ဖြိုးရေးနှင့် ကျောင်း၏လုပ်ငန်းဆိုင်ရာများကိစ္စရပ်များကို လည်းကောင်း အသီးသီး ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တာဝန်ရှိသူများက ဆုရရှိသည့်ကျောင်းသားကျောင်းသူများကို ဆုများ အသီးသီး ချီးမြှင့်ခဲ့ပြီး တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ မိဘ၊ ဆရာဆရာမများကို ကျောင်းသား ကျောင်းသူလေးများက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

 အဆိုပါပညာရေးစုံညီပွဲတော်တွင် ကာယဉာဏနှင့် ဘက်စုံထူးချွန်ဆုများအဖြစ် ဆုပေါင်း ( ၉၁ ) ဆုကို ချီးမြှင့်ခြင်းခဲ့ပြီး  ကျောင်းသား၊ ကျောင်းသူများက ဆောင်ရွက်ပြသထားသည့် လက်မှုပြခန်းများ ၊ သိပ္ပံဆိုင်ရာ ပြခန်းများ၊ ကျောင်းသား ကျောင်းသူလေးများ၏ အကပဒေသာများ၊ မုန်းအရောင်း ဆိုင်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ် ( ပြန်/ဆက် )