ကချင်ပြည်နယ်

တနိုင်းမြို့ ဇေယျာသီရိစာသင်တိုက်၌ ဓမ္မစကူလ်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ် တနိုင်းခရိုင် တနိုင်းမြို့၌ ဓမ္မစကူလ်းသင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ ၁၂ နာရီက ဇေယျာသီရိစာသင်တိုက်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုးညှင်းတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ (၂၁)ရက် မွန်းလွဲ (၂)နာရီ ၃၀ မိနစ်အချိန်က ဘက်စုံသုံးအားကစားခန်းမ၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဝိုင်းမော်မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး၍ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေဖြင့် ပြည်နယ်စီးပွားမြှင့်တင်‌ရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့်အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) စက်မှု၊ လက်မှု ကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာစေရေး ရင်းနှီးမတည်ပေးလျက်ရှိရာ ဇန်နဝါရီ ၂၀ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများ၌  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ဟိုပင်မြို့အခြေခံပညာအထက်တန်းကျောင်း၌ မီဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း နှင့် လက်တွေ့သရုပ်ပြသခြင်းကို ယမန့်နေ့ မွန်းလွဲ (၂) နာရီက ဆောင်ရွက်ခဲ့ကြသည်။

ဆဒုံးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ခြင်း၏ အကျိုးကျေးဇူး အသိပညာပေး (TALK SHOW) ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို သိရှိစေရန်နှင့် စာပေကိုတန်ဖိုးထား ချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ “စာဖတ်ခြင်း၏အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲအား ယနေ့နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ကျင်းပခဲ့သည်။

မြစ်ကြီးနားမြို့တွင် ပြည်နယ်အဆင့် မိုင်းအန္တရာယ်အသိပညာပေး လုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကျင်းပပြုလုပ်

မိုင်းနှင့်ပေါက်ကွဲစေနိုင်သော လက်နက်ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရရှိနိုင်သည့် အန္တရာယ် များလျော့ချနိုင်ရေးအတွက် မိုင်းအန္တရာယ်အသိပညာပေးခြင်း၊ အများပြည်သူထံ သတင်းအချက်အလက်များ ဖြန့်ဝေခြင်းနှင့်မိုင်းအန္တရာယ်ရှိသော နေထိုင်ပြုမူခြင်းများ ပြောင်းလဲလာစေ‌ရေးတို့အား ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး ပြည်နယ်အဆင့် မိုင်းအန္တရာယ်အသိပညာပေး လုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်း အဝေး (၁/၂၀၂၃) အား ယနေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ရှိကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ပန်းခင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီတော်မြတ်ကြီး၌ ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပမည်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊မချမ်းဘော့မြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံ စေတီတော်မြတ်ကြီး၌ ဗုဒ္ဓပူဇနိယပွဲတော်ကို မြန်မာသက္ကရာဇ် ၁၃၈၄ခု နှစ် တပို့တွဲလဆန်း (၄)ရက်မှ တပို့တွဲလပြည့် (၁၅)ရက်နေ့အထိ ဇန်နဝါရီ၂၄ရက်နေ့မှ ဖေဖော်ဝါရီလ ၄ရက်နေ့ အထိ (၁၂)ရက်တာ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပူတာအိုခရိုင်၌ "ပန်းလိုချင် အပင်ကိုပျိုးတတ်မှ"စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အသင်းတို့ ပူးပေါင်းမှုဖြင့် စာပေဖတ်ရှုပြီး ပြန်လည်ဆွေးနွေးသည့် အလေ့အထရရှိလာစေရန်၊ စာဖတ် ပရိသတ်အချင်းချင်း အသိပညာဗဟုသုတများဖလှယ်နိုင်ရန်နှင့် လူ့ဘောင်အဖွဲ့အစည်းတွင် စာဖတ်သည့် အလေ့အထများဖြစ်ပေါ်လာ စေရန်အတွက် စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားထားသည့် "ပန်းလိုချင် အပင်ကိုပျိုးတတ်မှ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ(၃)နာရီက ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။

တနိုင်းမြို့နယ် အခြေခံပညာမူလတန်းလွန်-ကောင်ဂျာကျောင်း၌ ပညာရေးစုံညီပွဲတော် ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် အခြေခံပညာမူလတန်းလွန် - ကောင်ဂျာ ကျောင်းတွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက အဖွင့်အနေဖြင့် “ကြိုဆိုပါသည်စုံညီပွဲတော်” တေးသီချင်းအား သီဆိုဖျော်ဖြေခဲ့ကြသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ရင်းနှီးမတည်သည့် လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးနှင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးများသို့ တက်ရောက်

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်သွားမည့် ကျေးရွာများတွင် လုပ်ငန်းကဏ္ဍအလိုက် ရန်ပုံငွေများ မတည် ထောက်ပံ့ထားရှိ အခြေအနေနှင့် ဆက်လက်မတည် ထောက်ပံ့သွားမည့် လုပ်ငန်းများအတွက် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီ က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ကချင်ပြည်နယ်