ဗန်းမော် ဇန်နဝါရီ ၁၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို တန်းဖိုးထားမြတ်နိုး တတ်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲခန့်က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ရုပ်ပုံဆက်ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် နေ့ထူး နေ့မြတ်များဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ လူငယ်နှင့်ဗလငါးတန် ဖွံ့ဖြိုးရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ ဟောပြောခဲ့သည်။
ဆက်လက်၍ ဗိုလ်ချုပ်အောင်ဆန်းပုံတူ ရုပ်ပုံဆက်ပြိုင်ပွဲ ကျင်းပပေးခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာကြသည့် အမှတ်(၄)အခြေခံပညာမူလွန်ကျောင်းမှ အလယ်တန်းအဆင့် (Grade-7) ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူးက အမှတ်တရ လက်ဆောင်များပေးအပ်ပြီး အာဟာရများကျွေးမွေးခဲ့ကြောင်းနှင့် ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နှောင်းနှောင်းဝင်းနှင့် ဝန်ထမ်းများက စားသုံးသူကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်