မချမ်းဘော့မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပ

မချမ်းဘော့ ဇန်နဝါရီ ၁၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ကျောင်းသူကျောင်းသားများ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးလာစေရန်နှင့် စိတ်ကူးဉာဏ်ရင့်သန်လာစေရန်၊ စာဖတ်စွမ်းရည် ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲကိုဇန်နဝါရီ ၁၇ရက်နေ့ ညနေ၃နာရီခွဲက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မချမ်းဘော့မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နီနီလွင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော အခြေခံပညာအထက်တန်းကျောင်း Grade-6 မှ မဖြူဇာဝင်းက အောစာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုထားသည့်ခိုတသိုက်ခေါင်း စဉ်စာအုပ်ဖြင့်လည်းကောင်း၊ Grade 5 မှမောင်ဇော်ဒန်လီက စကောကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီကရေး သားပြုစုထားသည့် ငှက်မိသားစု ခေါင်းစဉ်စာအုပ် ဖြင့်လည်းကောင်း၊ အခြေခံပညာ အလယ်တန်း မြို့မ Grade-5 မှ မဖုန်ဆန်းချမ်ဗေးက နာဂစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုထားသော ကြက်ကလေး ခေါင်းစဉ် စာအုပ်ဖြင့် လည်းကောင်း၊ Grade-5 ကျောင်းသူမဂျာမွမ်းအောင်က တအောစာပေနှင့်ယဉ် ကျေးမှု ကော်မတီက ရေးသားပြုစုထားသည့် ခွေးကလေးခေါင်းစဉ်ပါစာအုပ်ဖြင့်လည်းကောင်း၊ Grade- 4 ကျောင်းသူမချီဆာနိုက ကိုးကာ့စာပေနှင့် ယဉ်ကျေးမှုကော်မတီကရေးသားပြုစုထားသည့် ဘဲကလေးထော်ထော် စာအုပ်ဖြင့်လည်းကောင်း၊  Grade-5 ကျောင်းသူ မဒွဲလုံက ကိုးကာ့ မျိုးနွယ် စုယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုထားသည့် တောလည်တဲ့ ညောင်သီး လေးစာ အုပ်ဖြင့် လည်းကောင်း ဖတ်ကြားဆွေးနွေးကာ စာဖတ်ဝိုင်းပြု လုပ်ခဲ့ကြသည်။

ထို့နောက် ကလေးစာဖတ်ခန်းတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကိုဆက်လက်ကျင်း ပကာဆုရ ရှိသူများ ကိုအမှတ်တရဆုလက်ဆောင်များပေးအပ်ခဲ့ကြောင်းသိရသည်။

ယောရွှေနီ(မချမ်းဘော့)