ဗန်းမော်ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓာတ်ပုံပြပွဲဆောင်ရွက်

ဗန်းမော် ဇန်နဝါရီ ၁၈

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား ကျောင်းသူများအား အသိပညာ ဗဟုသုတတိုးပွားလာစေရန်နှင့် မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များကို သိရှိတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့်ဓာတ်ပုံပြပွဲကို  ဇန်နဝါရီ ၁၈ ရက် နံနက် ၉ နာရီခွဲခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါပြပွဲများဆောင်ရွက်ရာတွင် ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ထွန်းက ကျောင်းသားကျောင်းသူများအား မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်များကိုသိရှိပြီး တန်ဖိုးထားတတ်စေရန်၊ မိမိနိုင်ငံကိုချစ်မြတ်နိုးတတ်စေရန် ယခုလို ပြပွဲများဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းပြောကြားပြီး တက်ရောက်လာသည့် အမှတ်(၄)အခြေခံပညာမူလတန်းလွန်ကျောင်းမှ အလယ်တန်းအဆင့် (Grade-7) ကျောင်းသားကျောင်းသူများက  ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲများကို စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

ဗန်းမော်(ခရိုင်ပြန်/ ဆက်)