ဆဒုံးမြို့နယ်တွင် အသက်(၅) နှစ်မှ (၁၂)နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် ဆက်လက်ထိုးနှံပေး

ဆဒုံး ဇန်နဝါရီ ၁၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့နယ်၌   ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်၊ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးမှု ကာလ (၅) လပြည့်ပြီးသော အသက် (၅) နှစ်မှ (၁၂) နှစ်ကြား ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၁ နာရီက ဆဒုံးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထပ်ဆောင်း Booster Dose တတိယ အကြိမ်အဖြစ် ကိုဗစ်ကာကွယ်ဆေးအား ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး အခြေခံပညာ အထက်တန်းကျောင်းရှိ ဆရာ/ဆရာမများက လိုအပ်သည်များကို ပူးပေါင်း ပါဝင်ကူညီ ဆောင်ရွက်ပေးကြကြောင်း သိရသည်။

ခင်မာဝင်း(ဆဒုံး)