ကချင်ပြည်နယ်

မိုးညှင်းတက္ကသိုလ်၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက ရတနာခန်းမ၌ ကျင်းပသည်။

ကာမိုင်းမြို့၌ အသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်းများ ဆောင်ရွက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် ကျန်မားရေးဦးစီးဌာနမှအသက် (၂) နှစ်အောက် ကလေးငယ်များနှင့်ကိုယ်၀န်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီမှ မွန်းလွဲ (၃) နာရီအထိ ကာမိုင်းမြို့တိုက်နယ်ဆေးရုံး၌ ဆောင်ရွက်ပေးခဲ့သည်။

မိုးညှင်းမြို့နယ်တွင် သမိုင်းဝင်တန်ခိုးကြီး ရွှေမဉ္ဇူ (အင်းတော်ကြီး) ရေလယ်ဘုရားပွဲတော် (၁၅၄) ကြိမ်မြောက် ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးဒေသတွင် သမိုင်းဝင်တန်ခိုးကြီး ရွှေမဉ္ဇူရေလယ်ဘုရားပွဲတော်ကို အကျဉ်းချုံး၍ (၁၅၄) ကြိမ်မြောက် ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲကို တပေါင်းလဆန်း (၈) ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးမှူး ဦးအောင်သူဖြိုးထံမှ သိရသည်။

မြစ်ကြီးနားမြို့၌ လူကုန်ကူးမှု/ လူမှောင်ခိုမှုနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ အသိပညာပေးဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အမှတ် (၁၂) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ပြည်နယ်အတွင်း လူမှောင်ခိုမှုနှင့်လူကုန်ကူးခံရမှုများ မဖြစ်ပွားစေရေး၊ ကလေးသူငယ်များနှင့်ပတ်သက်၍ အနိုင်အထက်ပြုမူမှုများ မဖြစ်ပွားစေရေးအတွက် အခြေခံပညာအထက်တန်းကျောင်းများတွင် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အေးမြသီတာခန်းမတွင် လူကုန်ကူးမှု/လူမှောင်ခိုမှုနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

မြစ်ကြီးနားမြို့တွင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရာတွင် ကြုံတွေ့ရသည့် အားနည်းချက် အားသာချက်များနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မနောရွှေပြည်ခန်းမ၌ အိမ်ထောင်စုလူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်း ကောက်ယူရာတွင် ကြုံတွေ့ရသည့် အားနည်းချက် အားသာချက်များနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။

ဆဒုံးမြို့၊ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့တွင် အနာဂတ်မျိုးဆက်သစ် ကလေးငယ်များ ကျောင်းအားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီး ကျွမ်းဝင်မှုရှိပြီး ကလေးငယ်များစာကြည့်တိုက်၌ ပျော်ရွှင်မှုရရှိစေရန်၊ ကလေးငယ်များ၏ ကိုယ်ပိုင် ဉာဏ်စွမ်းအားများဖြင့် အရာရာကို ဖန်တီးပုံဖော်တတ်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ယနေ့မွန်းလွဲ (၁) နာရီက မူလတန်းအဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပခဲ့သည်၊၊

ဗန်းမော်တက္ကသိုလ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း အခြေခံအဆင့် သင်တန်းဆင်းပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၊ ဗန်းမော်တက္ကသိုလ် ဘက်စုံသုံးခန်းမဆောင်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဗန်းမော်တက္ကသိုလ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း အခြေခံအဆင့်သင်တန်း (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။

ဗန်းမော်ခရိုင် Community Centre ခန်းမ၌ လေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေး Talk Showဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေကူမြို့နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီခန့်က လေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းနည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၂-၂၀၂၃) ဖွင့်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ စက်မှုလယ်ယာဦးစီးဌာနမှကြီးမှူး၍ တောင်သူများဘဝ လူမှုစီးပွားဘဝ မြင့်တင် စေရေးအတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရာတွင် ဒေသခံတောင်သူများ အနေဖြင့် လယ်ယာသုံးစက်ကိရိယာများ ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်မောင်းနှင် ထိန်းသိမ်းတတ်စေရန် အလွန်အရေးအရေးကြီးပြီး တောင်သူများ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၂-၂၀၂၃) ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ဝိုင်းမော်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန စက်မှုလယ်ယာစခန်း(ဆွယ်)တွင် ကျင်းပပြုလုပ်သည်။

မိုးကောင်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ “မီးငယ်တို့ အသိကြွယ်ဖို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ Book Club အဖွဲ့ဝင်များက စာရေးဆရာအတ္တကျော်၏ “မီးငယ်တို့ အသိကြွယ်ဖို့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ (၃) နာရီခွဲတွင် ကျင်းပခဲ့သည်။
Subscribe to ကချင်ပြည်နယ်