တနိုင်း ဇန်နဝါရီ ၂၃
ကချင်ပြည်နယ် တနိုင်းခရိုင် တနိုင်းမြို့၌ ဓမ္မစကူလ်းသင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ ၁၂ နာရီက ဇေယျာသီရိစာသင်တိုက်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတသာ သုံးကြိမ်ရွတ်ဆိုဘုရားကန့်တော၍ အခမ်းအနားဖွင့်လှစ်ပြီး ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်များနှင့်တကွ ဧည့်ပရိတ်အပေါင်းတို့မှ မြို့မကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒာနာလင်္ကာရထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ဓမ္မစကူလ်းကော်မတီဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တတေဇနိယထံမှ ဓမ္မစကူလ်းသင်တန်းနှင့် ပတ်သက်၍ သြဝါဒခံယူကြပြီး ပန်းချ၊ ဗုဒ္ဓဝင်၊ ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ဆုရရှိသော ဓမ္မစကူလ်းကျောင်းသား၊ ကျောင်းသူလေးများအား တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး ဓမ္မစကူလ်းတေးသီချင်းများဖြင့် ဆက်လက်ဖျော်ဖြေ တင်ဆက်ခဲ့ကြကြောင်း သိရသည်။
ပန်းအိ(ပြန်/ဆက်)