မြစ်ကြီးနားမြို့တွင် ပြည်နယ်အဆင့် မိုင်းအန္တရာယ်အသိပညာပေး လုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကျင်းပပြုလုပ်

မြစ်ကြီးနား ဇန်နဝါရီ ၂၀

မိုင်းနှင့်ပေါက်ကွဲစေနိုင်သော လက်နက်ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရရှိနိုင်သည့် အန္တရာယ် များလျော့ချနိုင်ရေးအတွက် မိုင်းအန္တရာယ်အသိပညာပေးခြင်း၊ အများပြည်သူထံ သတင်းအချက်အလက်များ ဖြန့်ဝေခြင်းနှင့်မိုင်းအန္တရာယ်ရှိသော နေထိုင်ပြုမူခြင်းများ ပြောင်းလဲလာစေ‌ရေးတို့အား ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး ပြည်နယ်အဆင့် မိုင်းအန္တရာယ်အသိပညာပေး လုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်း အဝေး (၁/၂၀၂၃) အား ယနေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ရှိကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ပန်းခင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

‌ရှေးဦးစွာပြည်နယ်အဆင့် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်လူမှု ရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းအဖွဲ့ဝင်များအနေဖြင့် ယနေ့ အစည်းအဝေးတွင် ကချင်ပြည်နယ်အတွင်း ဆောင်ရွက်ခဲ့သော မိုင်းအန္တရာယ်အသိပညာပေး ဆောင် ရွက်ချက်လုပ်ငန်းများ၏ ရလဒ်များ၊ ၂၀၂၃-၂၀၂၄ တွင်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဥ်များ၊ ရေးဆွဲနိုင်ရေးစသည်တို့ကို ပွင့်ပွင့်လင်းလင်း ဆွေး‌နွေးသွားကြရန်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့အစည်းများအနေနဲ့ မိုင်းအန္တရာယ် အသိပညာပေးရေး၊ မိုင်းကြောင့်ထိခိုက်ဒဏ်ရာရသူများအား အကူအညီပေးရေး အစရှိသည်များကို ယခုထက်ပိုမိုဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရေး တိုက်တွန်း မှာကြားသည်။

ယင်းနောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်  ဦးအောင်‌ကျော်မိုးက မိုင်းအန္တရာယ်အသိပညာပေး လုပ်ငန်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတို့၏ တိုးတက်မှုအခြေအနေများအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော ပြည်နယ်အဆင့် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်း အဖွဲ့ဝင်များက မိုင်းထိပြည်သူများအတွက် လိုအပ်သောပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ တက်‌ရောက်နိုင်ရေးအပါအဝင် မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူများအား ကူညီနိုင်ရေးတို့အား မေးမြန်းဆွေးနွေး တင်ပြခဲ့ကြသည်။

ခရိုင် (ပြန်/ဆက်)