ဟိုပင်မြို့အခြေခံပညာအထက်တန်းကျောင်း၌ မီဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်

ဟိုပင် ဇန်နဝါရီ ၂၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း နှင့် လက်တွေ့သရုပ်ပြသခြင်းကို ယမန့်နေ့ မွန်းလွဲ (၂) နာရီက ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ဟိုပင်မြို့နယ်မြေမီးသတ်စခန်းမှ ဒုတိယဦးစီးမှူးသိန်းကျော်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ မီးလောင်မှုအမျိုးအစားအလိုက် မီးငြိမ်းသတ်ခြင်းနည်းစနစ်များကို ကျောင်းသား/ကျောင်းသူ များအားအသိပညာပေးဟောပြောခဲ့ပြီး လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ရာတွင် တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများအား မီးငြိမ်းစေနည်းလမ်းများ၊ ရှာဖွေကယ်ဆယ် ရေးသုံးပစ္စည်းများဖြင့် လက်တွေ့အသုံးပြုပုံပြုနည်းလမ်းများကို သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ဟိုပင်မြို့နယ်မြေ၊ မီးသတ်စခန်းမှဒုတိယဦးစီးမှူး သိန်းကျော် ဦးဆောင်သည့်တပ်ဖွဲ့ဝင်များမှ မီးငြိမ်းသတ်ယာဉ် (၁) စီးဖြင့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၁၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်၊၊

လင်းသွယ်သွယ်ဦး (ပြန်/ဆက်)