ကချင်ပြည်နယ်

မိုးညှင်းမြို့၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ (၁/၂၀၂၃)လအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ (၁/၂၀၂၃)လ အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဗန်းမော်မြို့တွင် ခရိုင်အဆင့် ယာဉ်အန္တရာယ်/ လမ်းအန္တရာယ် ကင်းရှင်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ခရိုင်အဆင့် ယာဉ်အန္တရာယ်/ လမ်းအန္တရာယ် ကင်းရှင်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၅ ရက် နေ့လယ် ၁ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်အတွင်း အသက်အရွယ်အုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် အကြိမ်ပြည့်ထိုးနှံပေးနိုင်ရေး ပြည်နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ခရိုင်/မြို့နယ် ကို‌ဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၂၄ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဝိုင်းမော်မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လိုအပ်ချက်များအား ရင်းနှီးမတည်ထောက်ပံ့နိုင်ရေး ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပြည်နယ်စီးပွားမြှင့်တင်‌ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စား၊ အလတ်စား(MSME)၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာစေရန် ရန်ပုံငွေ ရင်းနှီးမတည်ပေးနိုင်ရေး ဇန်နဝါရီ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲက ဝိုင်းမော်မြိုနယ်အတွင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မိုးညှင်းမြို့နယ်တွင် VDP စီမံကိန်းဖြင့် ကျေးရွာတွင်းကွန်ကရစ်ကာတုံးဖြင့် သဲကျောက်လမ်း ခင်းခြင်းလုပ်ငန်း ၁၀၀ရာခိုင်နှုန်းထိ ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်းရန်ပုံငွေဖြင့် လုံးစန့်ကျေးရွာတွင်း ကွန်ကရစ်ကာတုံးဖြင့် သဲကျောက်လမ်းခင်းခြင်းလုပ်ငန်း ၁၀၀ရာခိုင်နှုန်းထိ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဗန်းမော်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သစ်ပင်၊ သစ်တောများ၏ အရေးပါပုံ အသိပညာပေး Talk Show ဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ သစ်ပင်၊သစ်တောများ၏အရေးပါပုံအသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မူလတန်း အဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ယနေ့ နံနက်(၁၁)နာရီတွင် ကျင်းပခဲ့ကြောင်းသိရသည်။

မိုးညှင်းတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသားအမျိုးသမီး ဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပြိုင်ပွဲများ ဆက်လက်ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ် ပေါင်းစုံ အမျိုးသားအမျိုးသမီး ဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့်ပြိုင်ပွဲများကို ယနေ့နံနက် (၁၀)နာရီက ဘက်စုံသုံးအားကစားခန်းမ၌ ကျင်းပသည်။

ဗန်းမော်မြို့တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းနား ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်ရှိ ရောဘတ်စစ်ရှောင်စခန်း၌ ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရှိရသည်။

တနိုင်းမြို့နယ်၌ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်း‌ရေးကို ဇန်နဝါရီ ၂၁ ရက် နံနက် ၇ နာရီခွဲက တနိုင်းမြို့ ဆုတောင်းပြည့်စေတီတော်တွင် ပြုလုပ်ခဲ့သည်။
Subscribe to ကချင်ပြည်နယ်