တနိုင်းမြို့ ဇေယျာသီရိပရိယတ္တိစာသင်တိုက်၌ ဓဇဂ္ဂသုတ်ပါဠိ​တော်ရွတ်ဖတ်ခြင်း အခမ်းအနား ကျင်းပ

တနိုင်း ဇန်နဝါရီ ၂၆

ကချင်ပြည်နယ်၊ တနိုင်းမြို့ဇေယျာသီရိ ပရိယတ္တိစာသင်တိုက်အတွင်း၌ ဆရာတော်၊ သံဃာတော်များနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဌာနဆိုင်ရာ ဝတ်ရွတ်အသင်းများနှင့်အတူ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း၊ ဓဇဂ္ဂသုတ်ပါဠိတော်တို့ ရွတ်ဖတ်ပူဇော်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၆ ရက် နံနက် (၈)နာရီအချိန်က တနိုင်းမြို့ ဇေယျာသီရိကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်(၅)ပါးမှ အတွင်းအောင်ခြင်း၊ အပြင်​အောင်ခြင်း၊ ဓဇဂ္ဂသုတ်တို့ကို ပါဠိဖြင့်ရွတ်ဖတ်ပူဇော်ပြီး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဌာနဆိုင်ရာ ဝတ်ရွတ်အဖွဲ့များမှ အပြင်အောင်ခြင်း(၈)ပါးကို မြန်မာပြန်ဖြင့်၊ ဓဇဂ္ဂသုတ်တို့ကို ရွတ်ဖတ်ပူဇော်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ အခမ်းအနားသို့ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးတို့မှ တက်ရောက်ကြည်ညိုခဲ့ကြကြောင်း သိရသည်။

ပန်းအိ(ပြန်/ဆက်)