ချီဖွေမြို့နယ်‌၌ ဆရာတော်သံဃာတော်များနှင့် ဝတ်ရွတ်အသင်းအဖွဲ့များမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူ‌ဇော်ပွဲနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ချီဖွေ ဇန်နဝါရီ ၂၆                                 

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့၌ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို တောင်တန်းသာသနာပြုကျောင်းတိုက်ဓမ္မရုံ၌ ယနေ့နံနက် ၈ နာရီတွင်  ပြုလုပ်ခဲ့ကြသည်။ ရှေ့ဦးစွာ တောင်တန်း သာသနာပြုကျောင်းတိုက်ဆရာတော် ဘဒ္ဒပညာသေဌ၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ သဒ္ဒမ္မဇောတိကဓဇ ဆရာတော်အမှူးပြု၍ ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးခိုင်စိုး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချစ်စမ်းအောင်တို့က အတုလမာရဇိန်အောင်ဇမ္ဗူ ထိုင်တော်မူရုပ်ပွားတော်အား ရောင်တော်ဖွင့်ခြင်း၊ ပန်းဆီးမီးများပူးဇော်ခြင်းများ ဆောင်ရွက်ကြသည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခိုင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချစ်စမ်း‌အောင်နှင့် အဖွဲ့ဝင်များ၊ တက်ရောက် လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။ ထို့နောက် တောင်တန်းသာသနာပြု ကျောင်းတိုက်ဆရာတော် ဘဒ္ဒပညာသေဌ၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ သဒ္ဒမ္မဇောတိကဓဇထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ဖတ်ပူဇော်အပ်သော အပြင်အောင်ခြင်းရှစ်ပါး၊ အတွင်းအောင်ခြင်းရှစ်ပါး၊ ဓဇဂ္ဂသုတ်ပရိတ်ပါဠိ‌တော်များကို နာယူကြပြီး ဝတ်ရွတ်အသင်းကလည်း အပြင်အောင်ခြင်းရှစ်ပါး မြန်မာပြန်နှင့် ဓဇဂ္ဂသုတ်ပရိတ်ပါဠိ‌တော်များ ရွတ်ဖတ်ပူဇော်ကြသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အဖွဲ့ဝင်များကဆရာ‌တော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ အလားတူချီဖွေမြို့နယ်ရှိ   နှစ်ခြင်းအသင်းတော်ဘုရား ကျောင်းဝန်းတွင် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေးများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မေခမွန်(ပြန်/ဆက်)