မိုးကောင်း ဇန်နဝါရီ ၂၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ဥတ္တရာသီလရှင်စာသင်တိုက်ကျောင်းသို့ မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် အခြေခံစားသောက်ကုန်လှူဒါန်းပွဲကို ဇန်နဝါရီ(၂၆) ရက်နံနက်(၁၀)နာရီတွင် အဆိုပါကျောင်းတိုက်၌ ကျင်းပသည်။
အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဥတ္တရာရုံကျောင်းတိုက်ဆရာတော် ဦးဝီစာရထံငါးပါးသီလ ခံယူတည်ဆောက်ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် ဌာနဆိုင်ရာများက ဥတ္တရာရုံသီလရှင်စာသင်တိုက် ဆရာကြီးထံ ဆန်(၁၀)အိတ်၊ ကြက်သွန်နီ(၃၀)ပိဿာ၊ ကြက်သွန်ဖြူ (၁၀)ပိဿာ၊ ဆီ(၁၀)ပိဿာနှင့် ဆား(၂၅)ပိဿာတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် ဌာနဆိုင်ရာဝန်ထမ်းများက ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် ဥတ္တရာရုံကျောင်းဝန်းအား လုပ်အားဒါနစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)