အသက်(၈၅) နှစ်အထက် သက်ကြီးဘိုးဘွာများနှင့် ကိုယ်အင်္ဂါမသန်စွမ်းသူများအား အိမ်တိုင်ရာရောက် ထောက်ပံ့
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာအတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၂၀)ဦးနှင့် ကိုယ်အင်္ဂါမသန်စွမ်းသူ(၂) ဦးအတွက် ဝိုင်းမော်မြို့နယ် အမျိုးသမီးရေးရာနှင့် ခတ်ချိုကျေးရွာ အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီချိန်က ဘိုးဘွားများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးကြောင်း သိရှိရပါသည်။