ဝိုင်းမော်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းကျင်းပ

ဝိုင်းမော် ဖေဖော်ဝါရီ   ၁၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများဖြင့် ဇာတ်ညွှန်းဒီဇင်ဘာမွန်းရေးသားထားသည့် ကလေးတို့အတွက် "မြန်မာစကားပုံများ" စာအုပ်ဖြင့် ယနေ့နံနက် (၁၁) နာရီခွဲအချိန်က စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက ယခုအခါ လူငယ်လူရွယ်များ စာပေလေ့လာဖတ်ရှုမှု အားနည်းလာသောကြောင့် လူငယ်လူရွယ်များ စာပေဖတ်ရှုမှု အလေ့အထကောင်းများ ပိုမိုရရှိစေလာရန်၊ စာကြည့်တိုက်များကို ကောင်းမွန်စွာ အသုံးချလာကြစေရန်၊ အားလပ်ချိန်များကို အလဟသမဖြစ်စေရန် ရည်ရွယ်၍ ယခုလို စာဖတ်ဝိုင်း ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး စာကြည့်တိုက်လက်ထောက်-၃ ဦးဇယ်ဇောင်းက စာအုပ်ပါ‌ ခေါင်းစဉ်များ အနက်မှ မြန်မာစကားပုံများကို ဆွေးနွေးခဲ့သည်။

ဆက်လက်၍ စာပေချစ်မြတ်နိုးသူ မောင်တူးဂျာက စာအုပ်ပါ” မြန်မာစကားပုံများ" နှင့်ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းတွင် ပါဝင်သူများက မိမိတို့ဖတ်ကြားလိုရာ စာအုပ်ပါ ခေါင်းစဉ်များဖြင့် အလှည့်ကျ ဖတ်ကြား ဆွေးနွေးခဲ့သည်။

ဖြူစင်(ပြန်/ဆက်)