မိုးမောက် ဖေဖော်ဝါရီ ၁၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များသည် မြို့နယ်လမ်းဦးစီးဌာန၏ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ (၁၆၂.၉၇) ကျပ်သန်းဖြင့် ELEVEN STAR ကုမ္ပဏီမှ တင်ဒါအောင်မြင်သော မိုးမောက်မြို့နယ်၊ ကုန်းနှော-မခွယ်-သိန်လုံ-ဒေါ့ဖုန်းယန်လမ်း (မခွယ်-သိန်လုံ) လမ်းအပိုင်း km(24.10-24.80)အထိ(0.7 km) အား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၁၀၀%) ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့အား သက်ဆိုင်ရာကုမ္ပဏီ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်(၉) နာရီမှ မွန်းလွဲ(၂) နာရီခန့်ထိ မြေပြင်ကွင်းဆင်းစစ်ဆေးပြီး သတ်မှတ်စံချိန်၊ စံညွှန်း၊ အရည်အသွေးပြည့်မှီစွာဖြင့် ဆောင်ရွက်ထားမှုရှိ/မရှိ ကြပ်မတ်စစ်ဆေး ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရ သည်။
မြို့နယ် (ပြန်/ဆက်)