မိုးညှင်းမြို့နယ်တွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ၊ မိုးညှင်းတက္ကသိုလ် မုဒ်ဦးနှင့် ဆရာ၊ ဆရာမ ဝန်ထမ်းအိမ်ရာတို့အား ဖွင့်လှစ်ပေးပြီး ခရိုင်အတွင်းရှိ MSME လုပ်ငန်းရှင်များနှင့်ပေါင်းစပ်ညှိနှိုင်း
ကချင်ပြည်နယ်အစိုးအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုး မွေးမြူရေးနှင့် MSME ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေးအတွက် ခရိုင်အလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မိုးညှင်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ဟဲလုံ-ပျော်ဘွယ်-တဲကြီးကုန်း-ပင့်သာ-ပင်းဟဲကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ကို ဖွင့်လှစ်ပေးကြသည်။