ဗန်းမော် ဖေဖော်ဝါရီ ၁၆
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက် နံရံကပ်ပြဘုတ်၌ (၇၅) နှစ်မြောက်မြန်မာ-ရုရှားသံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် မှတ်တမ်းပုံများ နံရံကပ်စာစောင်ပြသခြင်းကို ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁၀နာရီခန့်က ဆောင်ရွက် ခဲ့ကြောင်းသိရှိရသည်။
အဆိုပါနံရံကပ်ဘုတ်ပြသရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်အကြီးအကဲများ၏ ကြိုးပမ်းဆောင်ရွက်နေသည်များကို ပြည်သူများသိရှိစေရန်နှင့် ပြည်သူများ အသိအမြင်များ ပွင့်လင်းလာစေရန်၊ အထွေထွေဗဟုသုတများတိုးပွားရရှိစေရန်အတွက် ၂၀၁၁ခုနှစ်မှစတင်၍ နိုင်ငံတော်အကြီးအကဲများနှင့် ရှရှားဖက်ဒရေးရှင်းနိုင်ငံတို့၏ သံတမန်ရေးရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ခဲ့သည့်မှတ်တမ်းဓါတ်ပုံများနှင့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် သိမှတ်ဖွယ်ရာများကို ပြသခဲ့ရာ ဒေသခံပြည်သူများ၊ လူငယ်လူရွယ်များက စိတ်ပါ ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)