အသက်(၈၅) နှစ်အထက် သက်ကြီးဘိုးဘွာများနှင့် ကိုယ်အင်္ဂါမသန်စွမ်းသူများအား အိမ်တိုင်ရာရောက် ထောက်ပံ့

ဝိုင်းမော် ဖေဖော်ဝါရီ ၁၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာအတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၂၀)ဦးနှင့် ကိုယ်အင်္ဂါမသန်စွမ်းသူ(၂) ဦးအတွက် ဝိုင်းမော်မြို့နယ် အမျိုးသမီးရေးရာနှင့် ခတ်ချိုကျေးရွာ အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး ယ‌နေ့နံနက်(၁၀)နာရီချိန်က ဘိုးဘွားများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးကြောင်း သိရှိရပါသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်သီတာမွန် ဦးဆောင်မူဖြင့် ခတ်ချိုကျေးရွာ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့တို့ ပူးပေါင်း၍ ခတ်ချိုကျေးရွာအတွင်းရှိ အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးအဘိုးအဘွား(၂၀)ဦးနှင့် ကိုယ်အင်္ဂါမသန်စွမ်း(၂)ဦးတို့အား တစ်ဦးလျှင်ငွေကျပ် (၂၅၀၀၀) နှုန်းဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် (၅၅၀၀၀၀)တန်ဖိုးရှိ အာဟာရဒါနများကို အိမ်တိုင်ရာ‌ရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။

ဖြူစင်