မံစီမြို့နယ် သမဝါယမအသင်းစုလီမီတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး အခမ်းအနားကျင်းပ

မံစီ ဖေဖော်ဝါရီ ၁၇

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် သမဝါယမဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ မံစီမြို့နယ်သမဝါယမအသင်းစုလီမီတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၁-၂၀၂၂(၆) လချုပ် ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် သဘာပတိက အဖွင့်အမှာစကားပြောကြားပြီးနောက် Zoom Meeting ဖြင့် အခမ်းအနားကိုတက်ရောက်သည့် ပြည်နယ်သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ဦးသန်းဝင်းက လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မံစီမြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်လေးသန်းက အမှာစကား ပြောကြားပြီးနောက် တာဝန်ရှိသူများက ဘဏ္ဍာရေးနှစ်အမှုဆောင် အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်း၊ ဘဏ္ဍာရေးနှစ် နှစ်ချုပ်ရှင်းတမ်းကို ဖတ်ကြားခြင်းတို့ ဆောင်ရွက်ခဲ့သည်။ ထို့နောက် အခြေခံသမဝါယမအသင်းများ၏ အသင်းဝင်ကိုယ်စားလှယ်များက အကြံပြုဆွေးနွေးခဲ့ရာ အကြံပြုဆွေးနွေးချက်များကို မံစီမြို့နယ်သမဝါယမဦးစီးအရာရှိက ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားကာအတည် ပြုချက်ရယူခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မံစီမြို့နယ် သမဝါယမအသင်းစုလီမီတက်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ မံစီမြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်း(၂၅)သင်းမှ ကိုယ်စားလှယ်များ၊ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)