ကချင်ပြည်နယ်

မိုးညှင်းမြို့၌ ခရိုင်အဆင့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား ဆောင်ရွက်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်အဆင့် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ (၂) နာရီက အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း (မိုးညှင်း)၌ ကျင်းပခဲ့သည်။

တနိုင်းမြို့နယ် ကလေးစာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်ပြောပြခြင်းအစီအစဉ်ဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အားလပ်ရက်၌ ပျော်ရွှင်စေရန်နှင့် ဗဟုသုတ ရရှိစေရန်၊ စာဖတ်သည့် အလေ့ အကျင့်များဖြစ်စေရန်၊ ဉာဏ်ပညာတိုးတက်မြင့်မားစေရန် ရည်ရွယ်၍ ယနေ့ နေ့လယ်ပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက်၊ က‌လေးစာဖတ်ခန်း၌ ပုံပြင်ပြခြင်းအစီအစဉ်များ ကျင်းပပြုလုပ်ခဲ့သည်။

တနိုင်းမြို့၌ (Grade- 5)နှင့် (Grade- 9) ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲ စတင်ဖြေဆို

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြိုနယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် စတုတ္တတန်း (Grade- 5)နှင့် အဌမတန်း (Grade- 9) နှစ်ဆုံး စာမေးပွဲကို ယနေ့ နံနက် ၉ နာရီ မှစ၍ သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများအလိုက် ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စတင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဆဒုံးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် စနစ်ဖြင့် စာဖတ်ပရိသတ်များထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဆဒုံးမြို့နယ်၊ ဆနာကျေးရွာ၊ လီဆူဓမ္မကျမ်းစာ ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း/အမှုထမ်း ၃၄၅ ဦးတို့အား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ် အစိုးရဖွဲ့အနေဖြင့် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း/အမှုထမ်းများအား အခါ အားလျော်စွာ ဝန်ထမ်းမိသားစုများ နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့ ညနေ ၃ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ဗန်းမော်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူသားနှင့် သဘာဝသယံဇာတအကြောင်း အသိပညာပေး Talk Show ဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခန့်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ရွှေကူမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူသားနှင့်သဘာဝသယံဇာတ အကြောင်း အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရေး ယူနန်ပေါင်ဆန်းဟိန်ယိအုပ်စုကုမ္ပဏီ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ-တရုတ်နှစ်နိုင်ငံချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် အရေးပါသော စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေ ၄ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ယူနန်ပေါင်စန်း ဟိန်ယိအုပ်စုကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ချစ်ကြည်ရင်းနှီးစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

မိုးညှင်းမြို့၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး Auto CAD သင်တန်းဆင်းပွဲကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး Auto CAD သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီက ဤဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မိုးကောင်းမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြော

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နေ့လယ်(၁၁) နာရီခွဲတွင် ကျင်းပ ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ကျောင်းသား၊ ကျောင်းသူများ၏ ကချင်နှင့် ရှမ်းတိုင်းရင်းသားရိုးရာ ဝတ်စုံများဖြင့် ဖက်ရှင်ပြိုင်ပွဲကျင်းပပြုလုပ်မှုအား တက်ရောက်အားပေး

မြစ်ကြီးနားတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများ၏ ဌာနေကချင်နှင့် ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာဝတ်စုံ များကို ရိုးရာမပျက် ဆန်းသစ်တီထွင်မှုများဖြင့် ဒီဇိုင်းဖော်ထားသည့် ဝတ်စုံများနှင့် ပါဝင်ယှဉ်ပြိုင်သည့် ဖက်ရှင် (Fashion) ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ချီးမြှင့် အမှာစကားပြောကြားသည်။
Subscribe to ကချင်ပြည်နယ်