တနိုင်း ဖေဖော်ဝါရီ ၂၂
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြိုနယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် စတုတ္တတန်း (Grade- 5)နှင့် အဌမတန်း (Grade- 9) နှစ်ဆုံးစာမေးပွဲကို ယနေ့ နံနက် ၉ နာရီ မှစ၍ သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများအလိုက် ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တနိုင်းမြို့နယ်တွင် အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ခရိုင်စစ် (Grade- 5) ကျောင်းသား၊ ကျောင်းသူများအတွက် စာစစ်ဌာန (၃၁)ခု ဖွင့်လှစ်၍ ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၈ ရက်နေ့ထိ နံနက် ၉ နာရီမှ ၁၀ နာရီခွဲချိန်ထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံနှင့် လူမူရေးဘာသာရပ်များကို ဖြေဆိုရမည်ဖြစ်ကြောင်း၊ ပြည်နယ်စစ် (Grade- 9) ကျောင်းသား၊ ကျောင်းသူများအတွက် စာစစ်ဌာန (၁၀) ခု ဖွင့်လှစ်၍ ဖေဖော်ဝါရီလ ၂၂ ရက်မှ မတ်လ ၁ ရက်နေ့ထိ နံနက် ၉ နာရီမှ ၁၁ နာရီချိန်ထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်းနှင့် အထွေထွေသိပ္ပံဘာသာရပ်များကို ဖြေဆိုရမည်ဖြစ်ကြောင်း၊ ယနေ့တွင် (Grade- 5) ကျောင်းသား၊ ကျောင်းသူ(၁၃၅၂)ဦးနှင့် (Grade- 9) ကျောင်းသား/သူ (၈၁၁)ဦး ဝင်ရောက် ဖြေဆိုလျက်ရှိ ကြောင်း သိရသည်။
စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် ခရိုင်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာကျောင်းများမှ တာဝန်ကျဆရာ/ ဆရာမများက အနီးကပ်ကြီး ကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မနောမြေ(တနိုင်း)