တနိုင်းမြို့နယ် ကလေးစာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူများ ကဗျာရွတ်ခြင်းနှင့် ပုံပြင်ပြောခြင်း အစီအစဉ်များ ဆောင်ရွက်ပေး
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အားလပ်ရက်၌ ပျော်ရွှင်စေရန်နှင့် ဗဟုသုတရရှိစေရန်၊ စာဖတ်သည့် အလေ့အထများ ဖြစ်စေရန်၊ ဉာဏ်ပညာ တိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ကဗျာရွတ်နှင့် ပုံပြင်ပြောခြင်းအစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ် ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။