မိုးကောင်း ဖေဖော်ဝါရီ ၂၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နေ့လယ်(၁၁) နာရီခွဲတွင် ကျင်းပ ခဲ့သည်။
ဟောပြောပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး မိုးညှင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်အေးအေးခိုင်က ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာများ၊ ကလေးမွေးစားခြင်းဆိုင်ရာကိစ္စရပ်များ၊ တည်ထောင်ခွင့်ပြုမိန့်ကိစ္စရပ်များ၊ ကလေး သူငယ်အကြမ်းဖက်ခြင်းနှင့် ပြစ်မှုပြစ်ဒဏ်များနှင့် ပတ်သက်၍ ဆွေးနွေးဟောပြောသည်။
အဆိုပါ ဟောပြောပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမှုရေးအသင်းဝင်များ၊ ရပ်မိရပ်ဖများ တက်ရောက်ပြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဟောပြောချက်ထဲမှ သိလိုသည်များကို အပြန်အလှန်ညှိနှိုင်း ဆွေးနွေးကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)