မြစ်ကြီးနား ဖေဖော်ဝါရီ ၂၃
၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပသွားမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ကချင်ပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၃၂၃)ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ စာမေးပွဲကို ကချင်ပြည်နယ်အတွင်း စာစစ်ဌာန (၃၂) ခုဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ဘာသာရပ်အတွဲ(၁)၊ အတွဲ(၂)၊ အတွဲ(၅)၊ အတွဲ (၇)နှင့် အတွဲ(၈) ဘာသာရပ်အသီးသီးမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက် ဖြေဆိုမည့် အတွင်းဖြေ ကျောင်းသား၊ ကျောင်းသူ (၁၄၀၈)ဦးနှင့် အပြင်ဖြေ ကျောင်းသား၊ ကျောင်းသူ (၈၉၁၅)ဦး စုစုပေါင်း ဝင်ရောက်ဖြေဆိုသူ (၁၀၃၂၃)ဦးရှိကြောင်း သိရသည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကချင်ပြည်နယ်မှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၁၄၈၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၅၃၂၅)ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်း ပြည်နယ်ပညာရေးမှူး ရုံးမှ သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)