ဝိုင်းမော် ဖေဖော်ဝါရီ ၂၃
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၈) ရက်နေ့မှ (၁၈) ရက်နေ့အထိ ဖြေဆိုကျင်းပနိုင်ရေး ကချင် ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၌ စာစစ်ဌာန (၃) ခုဖြင့် ဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၄၃) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း ဝိုင်းမော်မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ စာစစ်ဌာန (၃) ခုတွင်ဖြေဆိုကြမည့် ဝိုင်းမော်မြို့နယ်မှ အတွင်းဖြေ (၆) ဦး၊ အပြင်ဖြေ (၆၃၇) ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၆၄၃)ဦး ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာ (ဖောင်)များ တင်ထားပြီး ဖြစ်ကြောင်းသိရကာ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူ များအတွက် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်များကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ စတင်ထုတ်ပေး လျက်ရှိကြောင်း ဝိုင်းမော်မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ဝိုင်းမော်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်၊ တက္ကသိုလ်စာမေးပွဲတွင် အတွင်းဝင်ရောက်ဖြေဆိုသူ (၅၇၉) ဦး၊ အပြင်ဝင်ရောက်ဖြေဆိုသူ (၂၉၇) ဦး၊ စုစုပေါင်း ဝင်ရောက်ဖြေဆိုသူ (၈၇၆) ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ(၅၀.၇၁)အောင်ချက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဖြူစင်(ပြန်/ဆက်)