မြစ်ကြီးနား ဖေဖော်ဝါရီ ၂၅
မြစ်ကြီးနားတက္ကသိုလ်၏ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အခြေခံဂျူဒို သင်တန်းဆင်းပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၃ နာရီက အဆိုပါကျောင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ရှေးဦးစွာ ဘာသာရပ်ပေါင်းစုံမှ ပြိုင်ပွဲဝင်သင်တန်းသား/ သင်တန်းသူများက ကျား/မ ကီလိုတန်းအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အခြေခံကျသော ဂျူဒိုကစားနည်းများအား သရုပ်ပြခြင်း၊ အဆင့်မြင့် ဂျွမ်းများဖြင့် သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းနှင့် တာဝန်ရှိသူများက အလှူရှင်များ၊ ဒိုင်လူကြီးများနှင့် သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုမှတ်တမ်းလွာများနှင် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျား/မ ကီလိုတန်းအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် ဇွဲဆုရရှိသူများများအား ဂုဏ်ပြုဆုတံဆိပ်များနှင့် ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် မြစ်ကြီးနားတက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူ (၁၄၅)ဦးတို့အား ဇန်နဝါရီလ ၁၆ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ ဂျူဒိုအခြေခံကျနည်း (၇)မျိုး၊ လှုပ်ရှားလျက်ကျနည်း(၃)မျိုး၊ ကိုင်ပေါက်နည်းများ၊ လူကျော်ဂျွမ်း၊ ဖောဂျွမ်းများနှင့် အဆင့်မြင့်ဂျွမ်းများအား စာတွေ့ လက်တွေ့သင်ကြားပေးခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)