တနိုင်းမြို့နယ် ကလေးစာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူများ ကဗျာရွတ်ခြင်းနှင့် ပုံပြင်ပြောခြင်း အစီအစဉ်များ ဆောင်ရွက်ပေး

တနိုင်း ဖေဖော်ဝါရီ ၂၅

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အားလပ်ရက်၌ ပျော်ရွှင်စေရန်နှင့် ဗဟုသုတရရှိစေရန်၊ စာဖတ်သည့် အလေ့အထများ ဖြစ်စေရန်၊ ဉာဏ်ပညာ တိုးတက်မြင့်မားစေရန်ရည်ရွယ်၍  ကဗျာရွတ်နှင့် ပုံပြင်ပြောခြင်းအစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ် ပြည်သူ့စာကြည့်တိုက်၊ က‌လေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာတွင်သာမက စိတ်အပန်းဖြေပျော်ရွှင်စေရန်နှင့် အားလပ်ရက်တွင် ပျော်ရွှင်စေရန်၊ ဉာဏ်ပညာများ တိုးတက်မြင့်မားစေရေး၊ စာဖတ်သည့် အ‌လေ့အထများ ဖြစ်စေရေးအတွက်   ကဗျာရွတ်ခြင်းနှင့် ပုံပြင်‌ပြောခြင်း အစီအစဉ်များကို  ဆောင်ရွက်ပေးလျက်ရှိပြီး တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကလည်း ပုံ‌ပြင်ပြောပြခြင်းနှင့် ကဗျာရွတ်ခြင်းအစီအစဉ်များ အပတ်စဉ် ဆောင်ရွက် ပေးလျက်ရှိ‌သည်။

မနောမြေ(တနိုင်း)