ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား) မြေနေရာ၊ နည်းပညာတက္ကသိုလ် စာမေးပွဲဖြေဆိုနေသော ကျောင်းသား၊ ကျောင်းသူများနှင့် မြစ်ကြီးနား တက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် သင်္ကြန်အကြို နှုတ်ဆက်ရေသဘင်ပွဲတော် တက်ရောက်

ကချင်ပြည်နယ်အတွင်းရှိ ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)အား တက္ကသိုလ်အင်္ဂါရပ်နှင့် အညီ ဖြစ်စေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြေနေရာ လျာထားဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်တို့နှင့်အတူ လျာထားမြေ နေရာအား ကွင်းဆင်းစစ် ဆေးခဲ့ကြသည်။

ဗန်းမော်မြို့တွင် ခရိုင်အဆင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်အဆင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီခန့်က ကျင်းပခဲ့ကြောင်းသိရသည်။

ပူတာအို၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ၂၀၂၃-ခုနှစ် မတ်(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့ နေ့လည် (၁၂)နာရီက ပူတာအို မြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ဖြန့်ဝေသည်။

မိုးညှင်းမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီခွဲက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း မြတ်သရဖူခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မချမ်းဘော့မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများ ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ကျောင်းသားလူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာဖတ်စွမ်းရည်မြင့်မားလာစေရန်နှင့် နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဂိမ်းကစားပြိုင်ပွဲများကို ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်ဝက်စာမေးပွဲ ဖြေဆိုနေမှုများအား ကြည့်ရှုအားပေး၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ နည်းပြများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ

ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်ကွန်ပျူတာသိပ္ပံ နှင့်နည်းပညာဘာသာရပ်များအတွက် ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက် စာမေးပွဲဖြေဆိုလျက်ရှိရာ  စာမေးပွဲဖြေဆိုနေမှုများအား မတ် ၁၅ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေး ရာဝန်ကြီး ဦးတိန့်ဆောင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော် နိုင်ဦးတို့က သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာဖတ်ဝိုင်း ပြုလုပ်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ၌ မတ်လ ၁၅ ရက်နေ့ နံနက် (၁၀) နာရီက စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကံပိုင်တည် စီးပွားရေးနယ်မြေ စီမံကိန်းဆိုင်ရာ ကိစ္စရပ်များနှင့် ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

ကချင်ပြည်နယ်အတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရေးနှင့် ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြန်မာ-တရုတ်နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် ထည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များ၊ မြန်မာဟိန်ရကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများနှင့် ကံပိုင်တည်စီးပွားရေး နယ်မြေစီမံကိန်းနှင့်စပ်လျဉ်း၍ မတ် ၁၅ ရက် နံနက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မူလနေရပ်သို့ ပြန်လည်ရွေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများအတွက် အထောက်အပံ့များပေးအပ်၊ ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်း(၂)ခုမှ မူလနေရပ်ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်း၍ နေထိုင်ကြမည့် အိမ်ထောင်စုများအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဆန်ရိက္ခာ၊ ဆီနှင့်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို မတ် ၁၅ ရက် နံနက် ၇ နာရီခွဲက ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်သည့် တာဝန်ရှိသူများသည် အဆိုပါယာယီခိုလှုံရာ စခန်းများသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

မိုးညှင်းမြို့၌ ခရိုင်/မြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့မှ ဥပဒေရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေး ရေးအဖွဲ့မှ ဥပဒေရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
Subscribe to ကချင်ပြည်နယ်