တနိုင်း မတ် ၁၆
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ၌ မတ်လ ၁၅ ရက်နေ့ နံနက် (၁၀) နာရီက စာပေချစ်မြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃(ပြ) ဒေါ်ဂျာအောင်လုက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် လူငယ်နှင့်အခွင့်အလမ်းစာအုပ်ပါ လူငယ်နှင့်အခွင့်အလမ်း ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တနိုင်းမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် အနေဖြင့် မိမိတို့ဖတ်ရှုလိုသည့် သုတ၊ ရသ၊ စာအုပ်စာစောင်များကိုလည်း တာဝန်ရှိသူများက စနစ်တကျ ငှါးရမ်းပေးလျက်ရှိကြောင်း သိရသည်။
ပန်းအိ(တနိုင်း)