ကချင်ပြည်နယ်

(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မံစီ)၌ ယနေ့ နေ့လယ် ၁၂ နာရီက (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေခဲ့ကြသည်။

ဖားကန့်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်ဖြေဆိုပြီးစီး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ သမိုင်းဘာသာရပ်အား ယနေ့တွင် တည်ငြိမ်အေးချမ်းစွာဖြင့် ဖြေဆိုပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။  

မံစီမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ (၇၈)နှစ်မြောက် တပ်မတော်နေ့အကြို စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ (၇၈)နှစ်မြောက် တပ်မတော်နေ့အကြို စာအုပ် စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကျင်းပခဲ့ကြောင်း သိရသည်။

ဗန်းမော်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကမ္ဘာ့မြေနေ့အကြောင်း သိကောင်းစရာ Talk Show ဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကမ္ဘာမြေနေ့အကြောင်း သိကောင်းစရာ Talk Show ကို ယနေ့ နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

မိုးမောက်မြို့နယ်၌ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌   ယနေ့နံနက် (၁၀)နာရီအချိန်တွင်  မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် ပူးပေါင်း၍ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။     

မိုးကောင်းမြို့ Community Centre ခန်းမ၌ Book Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ Book Club အဖွဲ့ဝင်များက ဆရာဦးဝင်းတင်ရေးသား သည့် “ကိုယ်သာလျှင် ကိုယ့်ဘဝသခင်” စာအုပ်ဖြင့် ယနေ့ နံနက်(၉)နာရီခွဲတွင် ကျင်းပခဲ့သည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဒေသတွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး မြစ်ကြီးနားမြို့ပေါ်ရှိ MSMEs လုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပြည်နယ်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာ စေရေးအတွက် ဒေသတွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်မြင့်မားလာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ ညနေ ၃ နာရီက မြစ်ကြီးနား မြို့တွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ဆွမ်ပရာဘွမ်မြို့၌ နွေရာသီအင်္ဂလိပ်စာ (Grammar) သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ဆွမ်ပရာဘွမ်မြို့တွင် နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီခွဲချိန်က မြို့နယ်ဘန်ရူခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကို ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမ (၂) ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

မချမ်းဘော့၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နေ့လည် ၁၂ နာရီက မချမ်းဘော့မြို့ အခြေခံပညာ အထက်တန်းကျောင်းရှေ့နှင့် မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှေ့တို့၌ ဖြန့်ဝေခဲ့သည်။
Subscribe to ကချင်ပြည်နယ်